မြဝတီမြို့ အမှတ်(၃)ရပ်ကွက်ရှိ ညောင်ဦးဖီးလမ်းကွန်ကရစ်ခင်းခြင်း ၉၀ ရာခိုင်နှုန်းပြီးစီး

မြဝတီ ဒီဇင်ဘာ ၈

မြဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃) ရပ်ကွက်ရှိ အရှည် ၄၂၀ ပေ၊ အကျယ် ၂၀ ပေ ရှိသည့် ညောင်ဦးဖီးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးရန်ပုံငွေကျပ် ၂၁ သိန်းဖြင့်  ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ၉၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

မြဝတီမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေ၏ အနီးကပ်ကြီးကြပ်မှုဖြင့်ဆောင်ရွက် နေသော မြဝတီမြို့ အမှတ်(၃) ရပ်ကွက်ရှိ ညောင်ဦးဖီးလမ်းကွန်ကရစ်ခင်းခြင်းနှင့် Box Culvert  နှစ်ခု တည်ဆောက်ခြင်းလုပ်ငန်းကို ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်နှင့် တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်