စမ်းချောင်းမြို့နယ် စျေးများအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရန် နှာခေါင်းစည်း(mask) များ တပ်ဆင်ရေးအတွက် လိုက်လံစစ်ဆေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

စမ်းချောင်း ဒီဇင်ဘာ ၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်က စမ်းချောင်းမြို့နယ် အတွင်းရှိ ဟုမ်းလမ်းဘူတာရပ်ကွက်နှင့် ဝေဠုဝန်(မြောက်)ရပ်ကွက်များအတွင်းရှိ စျေးများတွင်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် နှာခေါင်းစည်း (mask)များ တပ်ဆင်ရေးအတွက် လိုက်လံ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

စျေးများအတွင်း ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်လာသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာ ခြင်းရှိ /မရှိ စစ်ဆေးခြင်း၊ စျေးအတွင်းသို့ ဝင်ရောက်ရာတွင် mask တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေး ခြင်း၊ mask တပ်ဆင်ထားခြင်း မရှိသူများအား အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ သည်။

ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များက နှာခေါင်းစည်း(mask)များ တပ်ဆင်ရေးအတွက် လိုက်လံစစ်ဆေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်ချောစုဝင်း