ချောက် မတ် ၂၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်း၏ စီစဥ်ကြီးကြပ်မှုဖြင့် ယနေ့နံနက်(၈)နာရီက တည်းခိုခန်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။
ယခုအချိန်သည် ပူပြင်းခြောက်သွေ့သော ရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုတိယဦးစီးမှူး ဦးဇင်မျိုးသန့်နှင့် တပ်ဖွဲ့ဝင်များက ကောင်းမြတ်၊ တော်ဝင်၊ ဒရင်း၊ မော်၊ သင်္ဂဟ၊ ဂရိတ်ဝမ်း တည်းခိုခန်းများသို့ သွားရောက်ကာ မီးဘေးလုံခြုံရေးဖြစ်သည့် မီးသတ်ဆေးဗူးထားရှိမှု၊ ရေအုတ်ကန်များတွင် ရေသိုလှောင်ထားရှိမှုရှိမရှိ၊ မီးလောင်မှု၊ မီးလန့်မှုရှိလျှင် မီးလှန့်အချက်ပေးကရိယာ တပ်ဆင်ထားမှု ရှိမရှိ၊ တည်းခိုခန်း မီးဘေးလုံခြုံရေးအတွက် စီမံချက်ပါအတိုင်း လိုက်နာဆောင်ရွက်ထားရှိမှု ရှိမရှိတို့ကို စစ်ဆေးခဲ့ပြီး မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေး ထောက်ခံချက်ရယူလျောက်ထားရန်နှင့် မီးဘေးလုံခြုံရေးစနစ် ပြည်စုံစွာထားရှိနိုင်ရေး အသိပညာပေး ပြောကြားခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)