ကျိုက်မရော မတ် ၂၆
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုပွဲတော်ကို ယမန်နေ့ညနေ ၃ နာရီက ဆုတောင်းပြည့်ဘုရားကြီးဝင်း၌ ကျင်းပခဲ့သည်။
အဆိုပါ မြန်မာ့ရိုးရာသနပ်ခါး ယဉ်ကျေးမှုပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးမျိုးလွင်က မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကိုယူနက်စကို၏လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးပြင်ဆင်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ယင်းနောက် ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ ဒေသခံပြည်သူများက မြန်မာ့ရိုးရာသနပ်ခါး လိမ်းခြယ်ခြင်းကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)