ကသာခရိုင် အင်းတော်မြို့နယ်တွင် နမသလေးမိုးစပါး စံကွက်ရိတ်သိမ်း

 

အင်းတော်  ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ လယ်ပြင်အုပ်စု၊ မိုးယူကျေးရွာ မြို့မနည်းပညာ ပြန့်ပွားရေး စင်တာနယ်မြေအတွင်းရှိ တောင်သူ ဦးမြင့်ဆွေ၏ လယ်မြေကွက် ကွင်းအမှတ်       ( ၁၀၂၉ ) တွင် နမသလေး မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပျိုးရေး ဝန်ထမ်းများက ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြရာ စပါးအစိုထွက်နှုန်း တစ်ဧကလျှင် ( ၅၄ ) တင်း ခန့်မှန်းထွက်ရှိပြီး နမသလေး မျိုးကောင်းမျိုးသန့်စပါးအား စိုက်ပျိုးရေးဦးဌာနအနေဖြင့် လာမည့်နှစ် မိုးစပါးပြန်လည် စိုက်ပျိုးချိန်တွင် တောင်သူများထံသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။

ခန့်ဇော်ပိုင် (ပြန်/ဆက်)