သာကေတ မတ်လ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က အလယ်တန်းအဆင့်အင်္ဂလိပ်စာ (Grammar) သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သာကေတမြို့နယ် ပညာရေးမှူး ဒေါ်နန်းနုနုကြည်က အဖွင့်အမှာစကားပြောကြားပြီး၊ နည်းပြဆရာဦးမြစိန် အလယ်တန်းကျောင်းအုပ် (ငြိမ်း) မှ မုဒိတာစကားပြောကြားကာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာ ဦးမြစိန် အလယ်တန်းကျောင်းအုပ် (ငြိမ်း)အား ဂါရဝပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်း၊ အင်္ဂလိပ်စာသဒ္ဒါမေးခွန်းဆန်းစစ်ချက်နှင့် English Song Competetion သီဆိုခြင်းပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဌာနဆိုင်ရာတာဝန်ရှိ တာဝန်ရှိသူများက ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အင်္ဂလိပ်စာ (Grammar) သင်တန်းကျောင်းမှ သင်တန်းသူ၊ သင်တန်းသားများက Sealed With A Kiss သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး၊ သင်တန်းသားသင်တန်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြသထားသောအသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သဲထက်ဇင် (ပြန်/ဆက်)