​​ကျောက်တံတားမြို့နယ်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ပြည်သူများလက်ဝယ်အ​ရောက်ဖြန့်ဝေ

​ကျောက်တံတား ဒီဇင်ဘာ ၈

ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတတများရရှိ​စေရန် ရည်ရွယ်ကာ အသိပညာ​ပေးလက်ကမ်းစာ​စောင်များကို ​အထိမ်းအမှတ်​​နေ့များနှင့်​နေ့ကြီးရက်ကြီးများ တွင် ထုတ်​ဝေ​ပေးလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၉)ရက်​နေ့တွင်ကျ​ရောက်မည့်    နှစ်တစ် ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ထုတ်​ဝေ​ခဲ့ရာ အဆိုပါလက်ကမ်းစာ​​စောင်များအား ​ကျောက်တံတားမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီး ဌာနမှ ယနေ့ နံနက်ပိုင်းက ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက်ဖြစ်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦးအမည် ဖော်ပြချက်၊ (၁၆-၁၀-၂၀၁၉) ရက်နေ့တွင် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ မြင်းမူမောင်နိုင်မိုး ရေးစပ် သီကုံးသည့် အမျိုးသားအောင်ပွဲနေ့သန္နိဌာန် ကဗျာဖော်ပြချက်များ၊ အထိမ်းအမှတ်ဆောင်ပုဒ်များ ပါဝင်ပြီး လက်ကမ်းစာ​စောင်ဖတ်ရှုပြီး အမျိုးသား​​​အောင်ပွဲ​နေ့အ​ကြောင်း သိရှိသွားမည်ဖြစ်ရာ​ကျောင်းသား/​​ကျောင်းသူ လူငယ်များအတွက် ဖတ်ရှုမှတ်သားရန် သိမ်းဆည်းထားသင့်သည့် လက်ကမ်း စာ​စောင်ဖြစ်​ကြောင်း သိရှိရသည်။

​ရွှေနန်း​မေ