စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်၊(JICA ODA Loan) အစီအစဉ်ဖြင့် JICA(Japan International Cooperation Agency) နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး စီမံကိန်

မုံရွာ ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊(JICA ODA Loan) အစီအစဉ်ဖြင့် JICA(Japan International Cooperation Agency) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး စီမံကိန်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ပေါင်းစပ်ဖြည့်ဆည်ဆောင်ရွက်ပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာန ဆိုင်ရာများမှ တာဝန်ရှိသူများက  စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး စီမံကိန်းအနေဖြင့် “ ဂျပန်-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်အရ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို အထောက်အပံ့ဖြစ်စေရန်အလို့ငှာ လာမည့် ငါးနှစ်အတွင်း ဂျပန်ယန်း (၈၀၀) ဘီလီယံထည့်ဝင်ကူညီရန် ဂျပန်အစိုးရမှ (၂.၁၁.၂၀၁၆)နေ့တွင် ကြေငြာခဲ့၍  ချေးငွေ အနေဖြင့် ဂျပန်ယန်း(၃၀၄၆၉)သန်း၊ မြန်မာအစိုးရစိုက်ထုတ်ငွေ ဂျပန်ယန်း (၄၈၇၀)သန်း အကုန်ကျခဲ့၍ စစ်ကိုင်းတိုင်းဒေသကြီး၊‌ ရွှေဘိုခရိုင်၊ ကန်ဘလူခရိုင်၊ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်များ အတွင်းရှိ သဖန်းဆိပ်ဆည်ရေသောက်ဧရိယာ တွင်တည်ရှိကာ ဂျပန်နိုင်ငံ (ODA  LOAN) ဖြင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့ ပူးပေါင်း၍   “ စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေး စီမံကိန်း” ကို ၂၀၁၈ - ၂၀၁၉ မှ ၂၀၂၄ - ၂၀၂၅  ဘဏ္ဍာရေးနှစ် အထိ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ  ဦးစီးဌာန(၄)ခုနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊(JICA ODA Loan) အစီအစဉ်ဖြင့် JICA(Japan International Cooperation Agency) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး စီမံကိန်းဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာပေး ဆောင်ရွက်ခြင်း၊ စက်မှုလယ်ယာ ဦးစီးဌာနမှ စက်မှုလယ်ယာကဏ္ဍ အားဖြည့်ဆောင်ရွက်ခြင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ပူးပေါင်း၍ စနစ်တကျ လယ်ယာမြေ ဖော်ဆောင်ခြင်းဧက(၅၀၀၀)ဖော်ဆောင်ခြင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆည်ရေသောက်စနစ် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍လည်း လမ်းအခြေခံ အဆောက် အဦများ တိုးတက်ကောင်းမွန်အောင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

ထွန်းကိုကို(တိုင်းဒေသကြီး-ပြန်/ဆက်)