ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Youth Club နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ဒေါပုံ မတ် ၂၈

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ Youth Club နှင့်ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ Youth Club အဖွဲ့ အဖွဲ့ဝင် အ.ထ.က (၁) ကျောင်းမှ မောင်ကျော်လွင်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော လူငယ်အညွန့်အဖူးလေးများအတွက် စာအုပ်ဖြင့် လူသားတိုင်းသည် အောင်မြင်မှုကို ရှာဖွေကြရာတွင် အခက်အခဲနှင့်ပြဿနာများသည် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရောက်ရှိလာမှာ ဖြစ်သည့်အတွက် ကြံ့ကြံ့ခံရင်ဆိုင်ခြင်းဖြင့် အောင်မြင်မှုကိုရရှိနိုင်ကြောင်း စသည့်အချက်များနှင့်ပတ်သက်၍ ဖတ်ကြားဆွေးနွေးခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော Youth Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာများအပေါ် ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)