သံတောင်ကြီး မတ် ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် နွေရာသီအားလပ်ရက်များတွင် ကျောင်းနေအရွယ်က လေးသူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် မိမိတို့၏ဘာသာ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကို သိရှိစေရန်ရည်ရွယ်၍ ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် ယနေ့နံနက်(၉) နာရီအချိန်က နွေရာသီဓမ္မပညာသင်တန်းဆက်လက်သင်ကြားပေးကြောင်း သိရသည်။
သင်တန်းတွင်ဘဝအတွက်တာသင်ခန်းစာများ၊ တေးသရုပ်ဖော်များ၊ စက္ကူခေါက်ခြင်း၊ သမ္မာ ကျမ်းစာ သင်ကြားပေးခြင်း စသည်တို့ကို ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှ ဓမ္မပညာဆရာ/မ(၂၀)ဦးတို့က သင်ကြားပေးပြီး သင်တန်းသူ/သင်တန်းသား၊ ကျောင်းသူ/ကျောင်းသား(၁၂၀)ဦးတက်ရောက်ကာ သင်တန်းကာလမှာ မတ်လ(၂၆)ရက်နေ့မှ ဧပြီလ (၅)ရက်နေ့ထိ ဖြစ်ကြောင်းသိရသည်။
နော်နော်မူ