မှော်ဘီ မတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် မြို့နယ်စာရေးဆရာအသင်း စာပေချစ်မြတ်နိုးသူ(Book Club) အဖွဲ့တို့နှင့်ပူးပေါင်း၍ ယမန်နေ့နေ့လယ်(၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာပေဆွေးနွေးပွဲကျင်းပသည်။
စာဖတ်ရှိန်မြှင့်တင်ရေး စာပေဆွေးနွေးပွဲတွင် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဌ၊ မြို့နယ်စာပေမြတ်နိုးသူ(Book Club) အဖွဲ့ဥက္ကဋ္ဌ စာရေးဆရာမောင်ချိုဝေမှ ပြောကြားရာတွင် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေးအတွက် စာပေမြတ်နိုးသူလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် စာပေစကားဝိုင်းဆွေးနွေးပွဲများအား မြို့နယ်ရုံးတွင်သာမက ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ၌လည်းဆောင်ရွက်ပါမှ စာပေမြတ်နိုးသူ လူငယ်များပေါ်ထွန်းလာကာ ရပ်ကွက်/ ကျေရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ပူးပေါင်းဆောင်ရွက်လာနိုင်မည်ဖြစ်ပါကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပူးပေါင်း၍ ယခုလိုစာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာပေဆွေးနွေးပွဲများ ဆောင်ရွက်ခွင့်ရရှိ၍ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာပေဆွေးနွေးပွဲကျင်းပခဲ့ရာတက် ရောက်လာကြသော မြို့နယ်စာရေးဆရာအသင်းအဖွဲဝင်များ၊ စာပေမြတ်နိုးသူ(Book Club)အဖွဲ့ဝင်များက မိမိတို့ဖတ်ရှုထားသမျှ သောစာပေအကြောင်းအရာ၊ စာပေများ၏ အနှစ်သာရများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဦးစီးအရာရှိကိုယ်စား ဒုတိယဦးစီးဒေါ်လှလှထွေးက တက်ရောက်လာသော မှော်ဘီမြို့နယ် Book Club အဖွဲ့ဝင်များအား ကျေးဇူတင်စကားပြောကြားခဲ့ ကြောင်း သိရှိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေးစာပေဆွေးနွေးပွဲ တက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မြို့နယ်လှုပ်ရှားမှု နံရံကပ်စာစောင်အား လေ့လာကြည့်ရှုခဲ့ကြသည်။
မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မှော်ဘီမြို့နယ် စာပေချစ်မြတ်နိုးသူ(BookClub)အဖွဲ့ဝင်များနှင့် ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် လစဉ်စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဇော်(ပြန်/ဆက်)