ရေနံချောင်း ဧပြီ ၁၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရန်ရည်ရွယ်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ယမန်နေ့ည ၇ နာရီက မြို့မမြောက်ရပ်ကွက် ရတနာဂီရိကျောင်းတိုက်နှင့် ဆုံတိုက်ရပ်ကွက် စိန်ပန်းကျောင်းတိုက်တို့တွင် ဆောင်ရွက်သည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်များ၊ ဝတ်အသင်းအဖွဲ့များက နမောတဿသုံးကြိမ်ရွတ်ဆို သံဃာတော်များက နိုင်ငံတစ်ဝန်းရှိ ရဟန်းရှင်လူပြည်သူအများ မီးဘေး၊ လေဘေး၊ ရေဘေးနှင့် ငလျင်ဘေးစသည့် သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရန်အတွက် အန္တရာယ်ကင်းရတနသုတ်ပရိတ်တရားတော်ကို ရွတ်ဖတ်ပူဇော်ကာ ဆုတောင်းမေတ္တာပို့ အမျှပေးဝေ ခဲ့သည်။
အလားတူ ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ကျေးရွာဓမ္မာရုံများတွင်လည်း ဝတ်ရွတ်အသင်းများက ဧပြီ ၈ ရက်မှ ၁၆ ရက်နေ့အထိ နေ့စဉ် ည ၇ နာရီအချိန်တွင် အန္တရာယ်ကင်း ရတနသုတ်ပရိတ်တရားတော်ကို တစ်ပြိုင်နက် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်