ကန့်ဘလူ ဒီဇင်ဘာ ၈
၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို စစ်ကိုင်း တိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် အများ ပြည်သူ အသိပညာတိုးပွားရရှိ စေရန်အတွက် မြို့ပေါ် ရပ်ကွက် များရှိ လူစည်ကားရာ နေရာများတွင် ယနေ့ နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇)တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ ပညာရေး မြှင့်တင်မှု၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေး ဥပဒေ၊ ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး စသည်တို့နှင့် စာရေးဆရာ မြင်းမူမောင်နိုင်မိုး ရေးသားသည့် အမျိုးသားအောင်ပွဲနေ့ သန္နိဌာန် ကဗျာတို့ ပါဝင်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)