မုံရွာ ဧပြီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်များ၊ ရွှေဘိုခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့၊ မွန်းလွဲပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ရွှေဘိုမြို့ရှိ ရွှေဘုံရတနာနန်းတော်အတွင်းရှိ ရှေးဟောင်းအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် ရွှေဘိုမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မြို့ဒေါင့်စေတီတော်မြတ်ကြီး ထိခိုက်ပျက်စီးမှုများအားလည်းကောင်း၊ ငါးမည်ငါးဘွဲ့ရ ဒုံးဘုရားစေတီတော်ကြီး ထိခိုက်ပျက်စီးမှုများအားလည်းကောင်း၊ မဟာမုနိရုပ်ရှင်တော် စေတီတော်မြတ်ကြီးနှင့် ရွှေချက်သိုစေတီတော်မြတ်ကြီး ထိခိုက်ပျက်စီးမှုများအားလည်းကောင်း၊ နတ်ပေးကျောင်းတိုက်ရှိ သာသနိကအဆောက်အဦ ထိခိုက်ပျက်စီးမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် ရွှေဘိုမြို့၊ မြို့မဈေးကြီး Sun Shade အမိုးများ ထိခိုက်ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးပြီး ဈေးကြီးပတ်ဝန်းကျင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနှုတ်မြောင်းအဖုံးများ ပြန်လည်တပ်ဆင်ဆောင်ရွက်ရေးတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဈေးရောင်းဈေးဝယ်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပြီး ဆိတ်ခွန်စုရပ်ကွက်ရှိ နေရဗန်းလမ်းဘေးဝဲ/ယာရှိ ရေနှုတ်မြောင်းများ ဆယ်ယူနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ပြန်/ဆက်