ပဲခူး ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ဧပြီလ(၁၀)ရက်နေ့ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့သွားရောက်၍ ငလျင်ဘေးဒဏ်သင့်ပြည်သူမျာအတွက် အလှူငွေပေးအပ်လှူဒါန်းခဲ့သည်။
အလှူငွေပေးအပ်လှူဒါန်းရာတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှတင်ဦးနှင့်အသင်းဝင်များမှ ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် အလှူငွေကျပ်သိန်း(၃၀)အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်ထံ ပေးအပ်လှူဒါန်းခဲ့ရာ ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)၊ ပဲခူးတိုင်းဒေသကြီးအသင်းအနေဖြင့် ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)သို့ အလှူငွေ(၁၀) သိန်းကျပ်လှူဒါန်းပေးခဲ့သည့်အပြင် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)မှ တိုင်းဒုတိယဥက္ကဋ္ဌ(၂) ဦးဆောင်ပြီး ကျပ်သိန်း(၁၀၀)ကျော်တန်ဘိုးရှိ အလှူပစ္စည်းများကိုလည်း လှူဒါန်းပေးနိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)