ကျိုက်ဒုံမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

ကျိုက်ဒုံ ဒီဇင်ဘာ ၉

ကရင်ပြည်နယ် ကျိုက်ဒုံမြို့တွင် ယမန်နေ့က မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး စစ်ဆေးမှုများဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့ သန္ဓေမီးသတ်တပ်ဖွဲ့မှမြို့ပြင်ပတွင် ရောင်းချနေသော စက်သုံးဆီဆိုင်များအား စစ်ဆေးခြင်း၊မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မီးသတ်ဆေးဘူး ထားရှိမှု အခြေအနေများ စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ ကျိုက်ဒုံမြို့မဈေးတွင်လည်းစည်ပင်သာယာရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့များ၊မီးသတ်တပ်ဖွဲ့များ၊ ပူးပေါင်းပြီး မီးချိတ် မီးကတ်၊ရေပုံးသဲပုံး၊ မီးသတ်ရေကန်များ၊ မီးသတ်ဆေးဘူးများ သက်တမ်းလွန်ခြင်းရှိ၊ မရှိစစ်ဆေးဆောင်ရွက်ခဲ့ပြီးဈေးသူဈေးသားများကို မီးသတ်ဆေးဘူး အသုံးပြုရမည့် အသိပညာပေးမှု များပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ပြန်/ဆက်)