လမ်းမတော်မြို့နယ်တွင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် အခြေခံစားသောက်ကုန်များအား ဆဌမအကြိမ် မြောက် Mobile market ကားများဖြင့် လိုက်လံရောင်းချ

လမ်းမတော် ဒီဇင်ဘာ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုအရ ကိုဗစ်-၁၉ ကာလအတွင်းစျေးသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ မိမိတို့နေအိမ်အနီးမှာပင်အလွယ် တကူဝယ်ယူနိုင်စေရေး၊ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်စေရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သောအသား၊ ငါး၊ ဟင်းသီးဟင်းရွက်စားသောက်ကုန် ပစ္စည်းများအား ပြည်သူများအလွယ်တကူဝယ်ယူရရှိနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်ရေးတို့အတွက် ရည်ရွယ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ညီနောင်အသင်းတို့ ကြီးမှူး၍  ယနေ့နံနက်(၇)နာရီမှစတင်၍ လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်း၊ ၇လမ်းနှင့်၈လမ်းကြားတို့တွင် Mobile market ဈေးကားများဖြင့် လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဈေးရောင်းချပေးရာနေရာသို့ မြို့နယ်စည်ပင်သာယာရေးကော်မတီဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးသိန်းမြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက်များနှင့် အညီစနစ် ရောင်းချနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စျေးရောင်းချရာနေရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ကိုကိုနှင့် ဝန်ထမ်းများက စျေးရောင်း၊စျေးဝယ်ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ် နိုင်ရေးအတွက် Face Mask နှင့် Face Shield များအား ဝေဌပေးခဲ့ကြောင်း သိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)