ကရင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် ငွေကျပ်(၇၈၆)သိန်းတန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း

ဘားအံ ဒီဇင်ဘာ ၉

ကရင်ပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ငွေကျပ်(၇၈၆)သိန်း တန်ဖိုးရှိ Cloth Mask (၁၃၀၀၀၀)ခုနှင့် Surgical Gowns(၃၀၀)ထည်တို့ကို ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ ကာကွယ်ရေးပစ္စည်းများလှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ Embassy of Denmark(Myanmar) ၏ ကိုယ်စားလှယ်ဒေါက်တာအောင်မြင့်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ငွေကျပ် (၇၈၆)သိန်းကျော် တန်ဖိုးရှိ Cloth Mask (၁၃၀၀၀၀)ခုနှင့် Surgical Gowns(၃၀၀)ထည်တို့ကို ဒိန်းမတ်နိုင်ငံကိုယ်စား Embassy of Denmark(Myanmar)၏ ကိုယ်စားလှယ် ဒေါက်တာအောင်မြင့်က ပေးအပ်လှူဒါန်းရာ ပြည်နယ်စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်နှင့် ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးလှိုင် တို့ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)