သုံးခွမြို့နယ်၌ အန္တရာယ်ကင်း ရတနာသုတ် ပရိတ်တရားတော်များ ဆက်လက်ရွတ်ဖတ်ပူဇော်

 

သုံးခွ ဧပြီ ၁၅

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသဘာဘေးအန္တရာယ်များကင်းရှင်းစေရန်ရည်ရွယ်၍ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ဆရာတော်၊ သံဃာတော်များဖြင့် ရတနာသုတ်ရွတ်ဖတ်ပူဇော်ခြင်း၊ ရပ်ကွက်များ၊ ဌာနဆိုင်ရုံးများ၊ ရပ်ကွက်၊ ကျေးရွာများ၌ဝတ်ရွတ်အဖွဲ့များ၊ ၀န်ထမ်းများ၊ ပြည်သူများဖြင့် ရတနာသုတ်ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းကို ဧပြီ ၈ ရက်နေ့ညမှစ၍ နေ့စဉ်ည(၇) နာရီအချိန်တွင် (၉)ခေါက် (၉)ရက်တိုင်တိုင်  ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရွတ်ဆိုပူဇော်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဝတ်ရွတ်အဖွဲ့များ၊ ၀န်ထမ်းများ၊ ၀န်ထမ်းမိသားစုများက ည ၇ နာရီ အချိန်မှစတင်ကာ ရတနာသုတ်ပရိတ်တရားတော်ကို(၉)ခေါက် ရွတ်ဆိုပူဇော်ကြသည်။ သုံးခွမြို့နယ်အနေဖြင့် ပြည်သူများဘေးရန်အန္တရာယ်ကင်းရှင်း၍ ကျန်းမာခြင်း၊ ချမ်းသာခြင်းများနှင့်ပြည့်စုံစေရန်အတွက် ရတနာသုတ်ပရိတ်တရားတော်မြတ်ကို ရွတ်ဖတ်ပူဇော်လျက်ရှိကြောင်းသိရသည်။

စည်သူလင်း (ပြန်/ဆက်)