ကျောက်တန်းမြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ရေကစားခြင်း စတုဒီသာကျွေးမွေးခြင်းများ ကျင်းပပြုလုပ်

ကျောက်တန်း ဧပြီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မြန်မာတို့၏ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာများအရ ကောင်းမှုကုသိုလ်အမျိုးမျိုးကုသိုလ်ပြုကြရာ မဟာသင်္ကြန်အကြတ်နေ့ကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီအစဥ်အလာမပျက်ရေကစားခြင်းနှင့် စတုဒိသာ​ကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက ရွှေမှော်၀န်းသာသနာဗိမ္မာန်တော်ကြီး၌ ကျွေးမွေးနေကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မဟာသင်္ကြန်ပွဲတော်အကြတ်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများက ရိုးရာမပျက်ရေပက်ကစားကြပြီး သင်္ကြန်ချစ်သူပြည်သူများအား စတုဒိသာများကျွေးမွေးခြင်းနှင့် မြို့နယ်အတွင်းရှိရပ်ကွက်နှင့်များ၌လည်း မြန်မာ့ရိုးရာမဟာသင်္ကြန်ကို အေးချမ်းစွာရေကစားခြင်း၊ စတုဒိသာများကျွေးမွေးခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းများဖြင့် အေးချမ်းစွာဆင်နွှဲကြကြောင်းသိရှိရသည်၊၊

သန့်ဇင်ထွန်း