မိုးကောင်းမြို့နယ် လမ်းတံတားဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး လိုက်လံစစ်ဆေး

မိုးကောင်း      ဒီဇင်ဘာ        ၉

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီသည် လွှတ်တော်ကိုယ်စား လှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဈေးတာဝန်ခံများ လိုက်ပါလျက် ယနေ့နံနက်(၁၁)နာရီခွဲတွင် မြို့မဈေးအားလိုက်လံကြည့်ရှုစစ်စေးပြီး မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့်ကော်မတီဝင်များအား စည်ပင်သာယာရေး ရုံးအစည်းအဝေး ခန်းမ၌တွေ့ဆုံ သည်။

တွေ့ဆုံရာတွင် ဝန်ကြီးကအမှာစကားပြောကြားပြီး အမှုဆောင်အရာရှိ ဦးမျိုးဌေးက ၂၀၁၉-၂၀၂၀ဌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လမ်းနှင့်တံတားဆောင်ရွက်ပြီးစီးမှု အခြေအနေကို Power Point ဖြင့်ရှင်းလင်း၍ တာဝန်ရှိသူများက မြို့၏လိုအပ်ချက်များ တင်ပြဆွေးနွေးကာ မြို့၏သာယာလှပမှု ကဏ္ဍများ ပေါင်းစပ်ညှိနှိုင်းကြသည်။

ယင်းနောက် ဝန်ကြီးနှင့်အဖွဲ့သည် ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အစိုးရရန်ပုံငွေ၊ ဖြည့်စွက်ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ထားသည့် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ မြေသားတာဘောင်ဖို့ခြင်း၊ အမာခံလမ်းသဲကျောက်ခင်းခြင်း စသည့်လုပ်ငန်း (၁၈)ခုကို လိုက်လံကြည့်ရှိုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သန်းလွင်ဦး(ပြန်/ဆက်)