ရွှေကျင် ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးအုပ်စု ကွင်းအမှတ်(OSS) တွင် တောင်သူဦးညွန့်ဝင်း၏ ဥယျာဉ်ခြံအတွင်း စိုက်ပျိုးထားသော စိန်တစ်လုံး သရက်ခြံအား ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် စိုက်ပျိုးရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးဝင်း၊ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းထွန်း မြိုနယ်ဦးစီးမှူး ဦးအောင်မြင့်ထွေးနှင့် ဝန်ထမ်းများက စိုက်ပျိုးထားသော စိန်တစ်လုံးသရက်(၄၀)ဧကအား (GAP)အသိအမှတ်ပြု လက်မှတ်ရ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် စိုက်ကွင်းအခြေအနေ မြေနမူနာနှင့် ရေနမူနာများကို စနစ်တကျ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)