ဒဂုံတောင် ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အစဥ်အလာမပျက် ရေကစားခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းများကို ယမန်နေ့နံနက် ၈ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုလမ်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စတုဒိသာ သင်္ကြန်မဏ္ဍပ်၌ ဆောင်ရွက်ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မဟာသင်္ကြန်ပွဲတော်အကြတ်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများက ရိုးရာမပျက်ရေပက်ကစားကြပြီး သင်္ကြန်ချစ်သူပြည်သူများအား စတုဒိသာများကျွေးမွေးကြကြောင်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်များ၌လည်း မြန်မာ့ရိုးရာမဟာသင်္ကြန်ကို အေးချမ်းစွာရေကစားခြင်း၊ စတုဒိသာများကျွေးမွေးခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းများဖြင့် အေးချမ်းစွာဆင်နွှဲ ကြောင်းသိရှိရသည်၊၊
သန်းသန်းအေး(ပြန်ဆက်)