ရေနံချောင်းမြို့၌ အေးချမ်းစွာရေပက်ကစားခြင်းနှင့် စတုဒိသာကျွေးမွေး ကုသိုလ်ပြုခြင်းများဖြင့် စည်ကား

ရေနံချောင်း ဧပြီ ၁၆

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ယနေ့ မဟာသင်္ကြန်အတက်နေ့တွင် ရပ်ကွက်နှင့်ကျေရွာများရှိ ဘုန်းကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်ကုသိုလ်ပြုသူများနှင့် စတုဒီသာကျွေးမွေးကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

ရေနံချောင်းမြို့နယ်၌ စတုဒီသာကျွေးမွေးကုသိုလ်ပြုခြင်းများကို ဌာနဆိုင်ရာများ၊ အလှူရှင်များက ရပ်ကွက်ကျေးရွာအလိုက် ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများ၊ လမ်းဆုံနေရာများတွင် မုန့်လုံးရေပေါ်၊ ထမင်းနှင့်ကြက်ဥဟင်း၊ လ္ဘက်ထမင်း၊ ကြာဇံဟင်းခါး၊ မုန့်ဟင်းခါး၊ ရွှေရင်အေး၊ မုန့်လက်ဆောင်စသည့် စားဖွယ်မျိုးစုံဖြင့် မဟာသင်္ကြန်အကြိုနေ့မှစတင်၍ ကုသိုလ်ပြုကျွေးမွေးခြင်းများတွေ့ရပြီး လာရောက် စားသုံးသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့အပြင် လမ်းလျောက်သင်္ကြန်အဖြစ် အေးချမ်းစွာရေပက်ကစားခြင်းများဖြင့် သင်္ကြန်ချစ်သူများက ပျော်ရွှင်စွာပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်