မြောက်ဥက္ကလာပ ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၁၃၈၆-၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အကြတ်နေ့စတုဒိသာကျွေးမွေးခြင်းနှင့် ရေကစားခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန် ဥက္ကလာသီရီပန်းခြံရှေ့တွင် မြန်မာရိုးရာယဉ်ကျေးမှုအစဉ်အလာ မပျက်ကျင်းပရာ ပြည်သူများ အေးချမ်းစွာရေပတ်ကစားပါ၀င်ဆင် နွှဲလျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကျင်းပသော မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ သုဓမ္မာလမ်းမကြီး၊ ဥက္ကလာပပန်းခြံရှေ့၊ မဟာသင်္ကြန်ပွဲတော် ယနေ့ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မြို့နယ်စတုဒိသာမဏ္ဍာပ်တွင် အုန်းနို့သာကူဖြင့်ကျွေးမွေးရာ လာရောက်လှည့်ပတ် စားသုံးသူများဖြင့် စည်းကားလျက်ရှိသည်။
အဆိုပါ စတုဒိသာကျွေးမွေးခြင်းကို ဧပြီ ၁၂ ရက်နေ့မှစ၍ ၁၆ ရက်နေ့ထိ နေ့စဉ် မနက်ပိုင်း၊ ညနေပိုင်းခွဲကာ သက်ဆိုင်ရာဌာနဆိုင်ရာများက စတုဒိသာကျွေးမွေးဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။
သက်လွင်စိုး (ပြန်/ဆက်)