ကျောက်တံတား ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းအလယ်၊ မဟာပိန္နဲကျောင်းရှေ့ရှိ ပိတောက်ရွှေဝါစတုဒိသာမဏ္ဍပ်၌ ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မြန်မာ့ရိုးရာရေကစားခြင်းနှင့် စတုဒိသာများ ကျွေးမွေးခဲ့ကြောင်းသိရသည်။
အဆိုပါ မြန်မာ့ရိုးရာရေကစားခြင်းနှင့် စတုဒီသာကျွေးမွေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ယမန်နေ့သင်္ကြန်အကြတ်နေ့တွင် ထမင်း၊ ကြက်သားဘူးသီး၊ ငံပြာရည်ကျော်၊ ကြက်ဥဟင်းနှင့်သာကူတို့အား ရပ်ကွက်နေပြည်သူများနှင့် ရေကစားလာရောက်ကြသည့် ပြည်သူများအားကျွေးမွေးခဲ့ကြကာ အဆိုပါစတုဒိသာကျွေးမွေးခြင်းကိုနေ့စဥ် နေ့လယ်(၁၂)နာရီအချိန်မှစတင်၍ စတုဒိသာ ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စတုဒိသာမဏ္ဍပ်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့်ရပ်ကွက်များမှ တာဝန်ကျသူများက လာရောက်လုပ်အားပေးဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
ကျောက်တံတား (ပြန်/ဆက်)