အလုံမြို့နယ်၏ စတုဒိသာနှင့်ရေကစားမဏ္ဍပ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာစွာဖြင့် မဟာသင်္ကြန်ပွဲတော်အတက်နေ့အား ကျင်းပ

အလုံ ဧပြီ ၁၆

အလုံမြို့နယ်၌ ၁၃၈၆ ခုနှစ် ရွှေလုံမောင်မယ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်စတုဒိသာနှင့်ရေကစားမဏ္ဍပ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာစွာဖြင့် မဟာသင်္ကြန်ပွဲတော်အတက်နေ့အား ဌာနာရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ မြို့မရဲစခန်းရှေ့ရှိမဏ္ဍပ်၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။

ထိုမဏ္ဍပ်တွင် ပြည်သူများနှင့်အောက်ကြည့်မြင်တိုင်လမ်းတလျှောက် ခရီးသွားပြည်သူများအား ရွှေရင်အေးနှင့်ထမင်းကြော်ဖြင့် စတုဒိသာဧည့်ခံကျွေးမွေးခြင်း၊ အောင်သပြေခက်ဖြင့် ရေပက်ဖြန်းခြင်း၊ ရပ်ကွက်နေပြည်သူများမှ ရေကစားခြင်း၊ မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်ခြင်းအစီအစဉ်များ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မဏ္ဍပ်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးရဲကိုကိုနှင့်အဖွဲ့၀င်များ၊ ဌာန ဆိုင်ရာများ၊ ၀န်ထမ်းမိသားစုများ စုစုပေါင်းအင်အား ၁၂၀ ဦး ပါ၀င်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယောဧရာ (မြို့နယ်ပြန်/ဆက်)