လမ်းမတော်မြို့နယ် သင်္ကြန်မင်းသားစတုဒိသာမဏ္ဍပ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာစွာဖြင့် မဟာသင်္ကြန်ပွဲတော်အတက်နေ့ ကျင်းပ

လမ်းမတော် ဧပြီ ၁၆

ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်း မဟာသင်္ကြန်အတက်နေ့ မြန်မာ့ရိုးရာအစဥ်အလာမပျက် ရေကစားခြင်းနှင့်စတုဒီသာ အာဟာရ ကျွေးမွေးခြင်းများကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အမှတ် ၆ ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၁၃ လမ်းထောင့်ရှိ သင်္ကြန်မင်းသားစတုဒီသာမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမဏ္ဍပ်တွင် မဟာဗန္ဓုလလမ်းတလျှောက် သွားလာနေကြသော ခရီးသွားပြည်သူများအား မုန့်လုံးရေပေါ်နှင့် ရွှေရင်ရေးစတုဒိသာဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ အောင်သပြေခက်ဖြင့် ရေပက်ဖြန်းခြင်း၊ ရပ်ကွက်နေပြည်သူများမှ ရေကစားခြင်းဖြင့် စည်ကားလျက်ရှိသည်။

ထို့သို့ စတုဒီသာအာဟာရကျွေးမွေးခြင်းနှင့် မြန်မာ့ရိုးရာအစဥ်အလာမပျက် ရေကစားခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်နှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ ၀န်ထမ်းမိသားစုများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)