ပဲခူးမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအဖြစ် ကိုဗစ်၁၉ ကာကွယ်ရေး ပစ္စည်းများ ပေးဝေ

ပဲခူး   ဒီဇင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အနေဖြင့် ယမန်နေ့ နံနက်(၉)နာရီက ပဲခူးမြို့ပေါ်ရှိ Quarantine Centerများမှ စေတနာ့ ဝန်ထမ်းများနှင့် Quarantine ဝင်နေသူများအား နှာခေါင်းစည်း (mask)၊ faceshield နှင့် လက်သန့် ဆေးရည်ဗူးများ ပေးဝေကြကြောင်းသိရသည်။

 အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအစီအစဉ် ကို နိုဝင်ဘာ (၂၅)ရက်နေ့မှစတင်ကာ အသိပညာပေးများဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအချိန်တွင်ကိုဗစ်၁၉ ကာလဖြစ်နေသော ကြောင့် ယခင်ကဲ့သို့ အခမ်းအနားများမပြုလုပ်တော့ဘဲ UN Women နှင့်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းကာ နှာခေါင်းစည်း(mask)၊ Handgel နှင့် faceshield တို့ကိုပဲခူးမြို့ Quarantine Center များတွင် လိုက်လံ ပေးဝေကာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအသိပညာပေး လှုပ်ရှားမှုပြုလုပ်ပေးကြသည်။

အဆိုပါ လှုပ်ရှားမှုအနေဖြင့် ဆောင်ရွက်ချက်များကို ပဲခူးမြို့ရှိ Quarantine Center များကို အဓိကထား ပြုလုပ်ခြင်းဖြစ်ပြီး စုစုပေါင်း (၄၆၁)စုံအား ပေးဝေကြသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု(၄)မျိုး ရှိကြောင်းနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း၊ ရိုးရာဓလေ့နှင့်နည်းပညာများသုံး၍ အကြမ်းဖက်မှုများအပေါ် ပြစ်မှုပြစ်ဒဏ်များ၊ နည်းဥပဒေများမကြာမှီ ထွက်ရှိတော့မှာဖြစ်ကြောင်းသိရသည်။

ဟိန်းထက်(ပဲခူး)