ကျောက်တံခါးမြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ဥပုသ်သီလခံယူဆောက်တည်သူများ၊ အလှူဒါနပြုကြသူများပြား

ကျောက်တံခါး ဧပြီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ကျောက်တံခါးမြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်နှင့် ရပ်ကွက်ဓမ္မာရုံတို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြည်သူများ ဥပုသ်သီလခံယူဆောက်တည်သူများ၊ အဟာရဒါနကုသိုလ်ပြုလုပ်သူများပြားလျက်ရှိကြောင်း သိရသည်။

၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကျောက်တံခါးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျးရွာများအတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံးများ၌ ဥပုသ်သီလခံယူဆောက်တည်သူများ၊ တရားထိုင်ခြင်း၊ ဘာဝနာပွားများခြင်းနှင့် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများအား ကောင်းမှုကုသိုလ်ပွားများ ပြုလုပ်အားထုတ်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)