စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ စုပေါင်းဇီဝိတဒါနငါးလွှတ်ပွဲ တက်ရောက်

ဟုမ္မလင်း   ဧပြီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၌နိုင်ငံ တစ်ဝန်းပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရန်၊ ရည်ရွယ်၍ စုပေါင်းဇီဝိတဒါန ငါးလွှတ်ပွဲကိုမြန်မာ နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်‌နေ့ ယနေ့နံနက် ၈ နာရီက ဟုမ္မလင်းမြို့ချင်းတွင်းမြစ်အတွင်း ကျင်းပသည်။

ဦးစွာစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများ၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူးဗိုလ်မှူးကြီး မြတ်မင်းသန့်နှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းနှင့်ဇနီး ၊ရှေ့တန်းအမှတ် ၃ စစ်ဗျူဟာ၊ ဗျူဟာမှူး ဗိုလ်မှူးကြီးကျာ်ဝင်းမြင့်၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် ဗိုလ်မှူးကြီးစိုးမိုးအောင်၊ ဟုမ္မလင်းခရိုင် အ‌ထွေထွေအုပ်ချုပ်ရေးမှူး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးလှဝင်း‌ အောင်နှင့်ဇနီး၊ ဟုမ္မလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်း‌ဌေး၊ ခရိုင်အဆင့်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များက၊ ဟုမ္မလင်းမြို့ချင်းတွင်းမြစ်အတွင်း ၌ဇီဝိတ ဒါနငါးလွှတ်ပေးခဲ့ကြသည်။

အဆိုပါစုပေါင်းဇီဝိတဒါနငါးလွှတ်ပွဲသို စုစု‌ပေါင်း(၃၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး၊ ထိုင်းငါးခုံးမသား‌ ပေါက် အကောင်အရေတွက် (၅၀၀၀၀) ကျော်တို့ကိုဇီဝိတဒါနအဖြစ်၊ ချင်းတွင်းမြစ် အတွင်းသို့လွှတ်ပေးခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း ၊(ပြန်/ဆက်)