တောင်ငူအကျဥ်းထောင်မှ  အကျဥ်းသားအကျဥ်းသူ(၆၇)ဦး၊ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြု

တောင်ငူ ဧပြီ ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်စေရန်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညာသောအားဖြင့်လည်းကောင်း အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား၊ အကျဥ်းသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြုလျက်ရှိရာ ယနေ့နံနက် (၁၀:၄၅)နာရီအချိန်တွင်  တောင်ငူအကျဥ်းထောင်နှင့် လေးမိုင်ကုန်ထုတ်စခန်းမှ အကျဥ်းသားအကျဥ်းသူ (၆၇)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုသည်။

ထိုသို့လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် တောင်ငူအကျဥ်းထောင်ဧည့်ရိပ်သာ၌ တောင်ငူအကျဥ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်မြင့်စိုး၊ တောင်ငူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး   စောကျော်မင်းဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးဇော်၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးချစ်ကိုကိုလှိုင်၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်နိုင်ဌေးတို့က လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ အကျဥ်းသား (၅၅)ဦး၊ အကျဥ်းသူ (၁၂)ဦး၊ စုစုပေါင်း(၆၇)တို့အား နောင်တွင်ပြစ်မှုများ ထပ်မံကျူးလွန်ခြင်းမရှိဘဲ အေးချမ်းစွာနေထိုင်ရန် ဆုံးမသြဝါဒစကားပြောကြားပြီး ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း တောင်ငူအကျဥ်းထောင်မှ သိရသည်။

ဇော်ကိုကို (တောင်ငူ)