ပန်းတောင်း ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးလှမျိုးရွှေဦး ဆောင်၍ အစိုးရအဖွဲ့မှ သယံဇာတသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စည်ပင် သာယာရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာစောညိုဝင်း၊ တိုင်းသစ်တောဦးစီးဌာန ညွှန်ကြားရေး မှူးဦးခင်ဖုန်း၊ ပြည်ခရိုင်သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်းဦး၊ ပြည်ခရိုင်ဒုရဲမှူးကြီး အောင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးခိုင်ထွန်း၊ မြို့နယ်ရဲမှူးစောမြင့်၊ မြို့နယ်သစ်တောဦးစီးမှူးဦးလင်းသူကို၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးမြင့်သူ၊ တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ တိုင်းဒေသကြီး (၂)လွှတ်တော်ကိုယ်စားလှယ်ဒေါ်ပပဟန်တို့အဖွဲ့သည် ယနေ့နံက် ၉ အချိန်ခွဲက တရားမဝင် သစ်များသယ်ယူမှုမရှိစေရေးအတွက် ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာ တွင် စစ်ဆေးရေးကင်းစခန်းချထားမည့်မြေနေရာအား လိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပန်းတောင်းမြို့နယ်နှင့် ရခိုင်ပြည်နယ် နယ်စပ်(မိုးထိတောင်)သို့သွားရောက် စစ်ဆေးခဲ့ပြီး ညောင်ခြေထောက်အုပ်စု ညောင်ခြေထောက်သစ်ထုတ်လုပ်ရေး စခန်းရှင်းလင်း ဆောင်သို့ ရောက်ရှိပြီးခရိုင်သစ်တောဦးစီးဌာနမှ ရှင်းလင်း တင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။.
ထို့ပြင် ဥသျှစ်ပင်မြို့ ရတနာပုံရပ်ကွက်ပန်းခြံမြေနေရာသို့ ရောက်ရှိစစ်ဆေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)