ချောက်မြို့နယ်တွင် နှစ်ဆန်း(၁)ရက်​နေ့၌ သက်ကြီးဘိုးဘွားပူ​ဇော်ကန်တော့ခြင်း၊ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းတို့ဖြင့် ကုသိုလ်ယူလျက်ရှိ

ချောက် ဧပြီ ၁၈

မ​ကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊​ ချောက်ခရိုင်စုပေါင်းရုံး၌ မြန်မာ့နှစ်သစ်ကူးနှစ် ၁၃၈၇ ခုနှစ် သစ်ကူးနှစ်ဆန်း(၁)ရက်နေ့တွင် ယမန်​နေ့နံနက် (၉) နာရီ အချိန်ကချောက်မြို့နယ်တွင် သက်ကြီးဘိုးဘွားပူ​ဇော်ကန်တော့ခြင်းနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာတို့၏ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပြောင်းသောကာလဖြစ်သည်နှင့် အညီနှစ်ဆန်း(၁)ရက်နေ့၌ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီး​ရေးရာအသင်းအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ကန်​တော့ခံသက်ကြီးဘိုးဘွားတို့အား ကန်​တော့ချိုးတိုင်ပေးပြီး ပူ​ဇော်ကန်​တော့ခဲ့သည်။ အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၈၃)ဦးထံအ​ရောက် တစ်ဦးလျှင် ငွေကျပ် ၂ဝ၀၀၀ နှုန်း​ ပေးအပ်လှူဒါန်း၍ ပူဇော်ပွဲတက်​ရောက်​သော ဘိုးဘွားတို့ကို Royal - D ဘူးတို့​ပေးအပ်ခဲ့သည်။ ဆက်လက်၍လည်း ယ​နေ့ညနေတွင် မဟာ​အေး​စေတီဘုရားမှစကာ ​ချောက်မြို့နယ် သံဃာနာယကဆရာ​တော် (၁၁) ပါးက အမှတ်(၁)ရပ်ကွက် ​ရွှေပုံ​တောင်ရပ်မှ အမှတ်(၁၅)ရပ်ကွက်​ တိုးချဲ့ရပ်အထိ ​လမ်းမတော်တစ်​လျောက်မော်တော်ကားများဖြင့် လှည့်လည်၍ အန္တရာယ်ကင်းပရိတ်များ ရွတ်ဖတ်ပူ​ဇော်သွားမည်ဖြစ်​ကြောင်း သိရသည်။

ကျော်မိုး (ပြန်/ဆက်)