မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုသူများ အထူးပင်များပြား

တာမွေ ဧပြီ ၁၈

ယနေ့တွင်ကျရာက်သည့် မြန်မာသက္ကရာဇ် ၁၃၈၆-ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယမန်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ အနယ်နယ်အရပ်ရပ်မှဘုရားဖူးလာပြည်သူများ၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူ၍ ကုသိုလ်ပြုကြသူများ၊ ဥပုသ်သီလစောင့်တည်သူများ အထူးပင်များပြားလျက်ရှိကြောင်း သိရသည်။

“ ဒီရွှေတိဂုံစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်တာ ဒါနဲ့ဆို(၇)ကြိမ်မြောက်ရှိပါပြီ။ ဒီနေ့ အလုပ်ကလည်းပိတ်ထားတော့ သူငယ်ချင်းတွေနဲ့ကားစုငှားပြီး ဒီစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်ဖြစ်တာပါ။ နောင်အကြိမ်ပေါင်းများစွာလည်း အခုလိုပဲလာရောက်ဖူးမြော်ချင်ပါသေးတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ ဘုရားဖူးလာပြည်သူတစ်ဦးကဆိုသည်။

မြန်မာသက္ကရာဇ် ၁၃၈၆-ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများအား အများပြည်သူဖူး‌မြော်ကြည်ညိုနိုင်ရေးအတွက် ဖွင့်လှစ်ပေးထားပြီး ကျန်ရက်များတွင်လည်း စနေ၊ တနင်္ဂနွေနေ့နှင့် နေ့ထူးနေ့မြတ်အစိုးရရုံးပိတ်ရက်များ၌ နေ့စဉ် နံနက်(၅)နာရီမှ ည()နာရီခွဲအချိန်အထိ ဖွင့်လှစ်ပေးထားလျက်ရှိရာ မည်သူမဆိုစိတ်အေးချမ်းသာစွာလာရောက်ဖူးမြော်၍ ကုသိုလ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)