ကော့မှူး ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ၊ကော့မှူးမြို့နယ်တွင် အသက် (၈၅) နှစ်အထက် အဘိုးအဘွားများအား ပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ဖလေးချောင်းတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် တာဝန်ရှိသူများက အသက်(၈၅)နှစ်အထက် အဘိုးအဘွားများ(၄၆)ဦးအား လှူဖွယ်ပစ္စည်းများနှင့် တစ်ဦးလျှင်(၅၀၀၀၀)ကျပ်တို့အား လှူဒါန်းခဲ့ပြီး သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ မတက်ရောက်နိုင်သည့် ဘိုးဘွားများအား အိမ်များသို့အရောက် လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဖလေးချောင်း၌ ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲသို့ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မြို့ပေါ်(၇)ရပ်ကွက်မှ ပြည်သူများ တက်ရောက်ခဲ့ကြပြီး ဖလေးချောင်းအတွင်း ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၁၀၀၀၀) ခန့် လွှတ်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် သံဃာတော်(၁၈)ပါး ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း၊ ပဌာန်းတရားတော် (အကျဉ်း) နာယူပြီးတွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ NGO အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်သည့် ဆရာတော် (၁၈) ပါးအား (၁)ပါးလျှင် ဝတ္ထုငွေ (၅၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ဝတ္ထုငွေ (၉၀၀၀၀ဝိ/-) ကျပ် လှူဒါန်းခဲ့ပါကြောင်း နှင့်စေတနာရှင်များမှလည်း အလှူငွေများ /လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပရိတ်ရွတ်ဖတ်ပူဇော်ပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။
ကျော်သူရ