စလင်း ဧပြီ ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သက်ကြီးပူဇော်ပွဲအခမ်းအနားကို ၁၃၈၇ ခုခုနှစ်၊ တန်ခူးလဆုတ်(၅)ရက်၊ ယမန်နေ့ နံနက်ပိုင်းက အသက်(၈၀)နှင့်အထက် သက်ကြီးဘိုး/ ဘွားများအား ပူဇော်ကန်တော့ပွဲပြုလုပ်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြားအစည်းဝေးခန်းမဆောင်တွင် သက်ကြီးဘိုး/ဘွား (၅၀) ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ကန်တော့ပွဲကို ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသက်(၈၀)နှင့်အထက် သက်ကြီးပူဇော်ကန်တော့ပွဲအား နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးရန်နိုင်စိုးအောင်က သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကန်တော့ခံဘိုးဘွားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးရန်နိုင်စိုးအောင်နှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့တို့မှ ကန်တော့ခံငွေများကို လှူဒါန်းခဲ့ရာ ကန်တော့ခံဘိုးဘွား(၁)ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက် ၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအသင်းအဖွဲ့တို့က နံနက်စာအဟာရ မုန့်ဟင်းခါး၊ အိုဗာတင်း၊ သစ်သီးဖျော်ရည်နှင့် မုန့်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မောင်လွင်