မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာပေါင်း (၁၆၀၀)ကျော်ထိရှိလာ

မကွေး     ဒီဇင်ဘာ     ၉

မကွေးတိုင်းဒေသကြီး၌ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ (၇၈) ဦး ထပ်တိုးတွေ့ရှိခဲ့တာကြောင့် တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း(၁၆၄၅)ဦးထိ ရှိပြီဖြစ် ကြောင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

တိုင်းဒေသကြီးအတွင်းမှာ ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံဆင်းခွင့် ရရှိသူတွေ ရှိသလို ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကလည်း  ရှိနေဆဲပါ၊ ဒီဇင်ဘာလ ၈ ရက် ဒီကနေ့ မနက်ပိုင်း မှာ တွေရှိခဲ့တဲ့ လူနာတွေက NHL စစ်ဆေးမှုအရ ကိုဗစ်ပိုးတွေ့လူနာ ၆ ဦး၊ RDT အမြန်စစ်နဲ့ လူနာ ၁ ဦးတို့ တွေ့ရှိခဲ့တာဖြစ်ပြီး ညပိုင်းမှာ RDT results အရ (၂၅) ဦး၊တိုင်းဆေးရုံရှိ Gene X pert  (၁)ဦးနဲ့ NHL results(၄၅)ဦးတို့မှာ တွေ့ရှိခဲ့တာပါ၊ ပိုးတွေ့တဲ့မြို့နယ်တွေက အောင်လံက(၂၉)ဦး၊ မင်းဘူး (၁၅)ဦး၊ စလင်း(၁)ဦး၊ မကွေး(၆)ဦး၊ ရေစကြို(၁)ဦး၊ သရက်(၁)ဦး၊ ဂန့်ဂေါ(၃)ဦး၊ မြို့သစ်(၃)ဦး၊ နတ်မောက် (၈)ဦး၊ ဆိပ်ဖြူ(၃)ဦး၊ တောင်တွင်းကြီး(၁)ဦး၊ စလင်း(၂)ဦး၊ မြိုင်(၂)ဦး၊ ပွင့်ဖြူ (၁)ဦး၊ ချောက်(၁)ဦးနဲ့ပေါက်က(၁)ဦးတို့ဖြစ်ပါတယ်။ ပိုးတွေ့လူနာတွေထဲက မြို့သစ်က(၂)ဦး၊ မင်းဘူး(၁)ဦ၊ စလင်းက(၂)ဦးနဲ့အောင်လံ မှ(၂၆)ဦးတို့က ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာကန့်သတ်ထားသူတွေ ဖြစ်ပြီး၊ ကျန်တဲ့သူတွေက(Quarantine Centre)တွေက ဖြစ်ပါတယ်၊ ဒီနေ့ညပိုင်းအချိန် အထိ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ အနေနဲ့ စုစုပေါင်း(၁၆၄၅)ဦး ရှိနေပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြု ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူများထဲမှ ပိုးတွေ့ လူနာများ ထပ်တိုးတွေ့ရှိလာတာကြောင့် ပြည်သူများအနေဖြင့် အထူးသတိပြုဆင်ခြင်ပြုမှု နေထိုင် ကြပါရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းမှုများ လုပ်ဆောင်လျက်ရှိပြီး မကွေးတိုင်းဒေသ ကြီးအတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း(၁၆၄၅)ဦးထိ ရှိလာပြီး၊ တိုင်းဒေ သကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံတက်ရောက်ဆဲ(၂၇၅)ဦးရှိကာ၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံ ဆင်းခွင့်ရရှိသူ(၁၃၆၆)ဦးနှင့် သေဆုံးသူ(၄)ဦးရှိကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။    

 သန်းနိုင်ဦး(ငဖဲ)