မင်းလှမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

အထက်မင်းလှ ဧပြီ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ(၆)နာရီက ရုံးရပ်မြောက်ပိုင်းရပ်ကွက် သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ကြွရောက်တော်မူသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်သည်။ ထို့နောက် အောင်‌ဗောဓိကျောင်းဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်တို့က ပဌာန်းပစ္စယုဒ္ဒေသပါဠိတော်အားရွတ်ဆိုပြီး ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခဲ့သည်။

အဆိုပါ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာများမှပြည်သူများ၊ စေတနာရှင်အလှူရှင်များ စုပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ဧပြီ (၁၇) ရက်နေ့မှ (၂၁) ရက်နေ့ထိ (၅) ရက်တိုင် ရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီးမြို့ပေါ်ရပ်ကွက်များတွင်လည်း ဧပြီလ(၂၃)ရက်နေ့မှ မေလ(၂၆)ရက်နေ့အထိ ရပ်ကွက်အလိုက် အလှည့်ကြ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူ‌ဇော်မည်ဖြစ်သည်။ မင်းလှမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲသို့ ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက အာရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် အချိုရည်များ အားနေ့စဉ်ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ဇာဇာ