ထန်းတပင် ဧပြီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သံဃနာယကဆရာတော်ကြီးများ၏ သြဝါဒကိုခံယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ၏ ဦးဆောင်မှုဖြင့် အမှတ် (၂) ရပ်ကွက်၊ ကုမုဒြာပန်းခြံ၌ နှစ်ဦးအထူးဓမ္မသဘင်တရားပွဲကို ယမန်နေ့၊ ညပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
နှစ်ဦးအထူးဓမ္မသဘင်တရားပွဲတွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ နဂါးရစ်တောင်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တဝိသုဒမဟာရ် (Ph.D.USA) (W.C.H.Thailand) က နိဗ္ဗာန်ရောက်ကြောင်းတရားတော်မြတ်ကို ဟောကြားချီးမြှင့်တော်မူခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တရားနာပရိတ်သတ်များ ကတရားတော်မြတ်ကို နာယူခဲ့ကြသည်။
ထို့ နောက်နဂါးရစ်တောင်ဆရာတော်ဘုရားကြီးအား ဓမ္မပူဇာအလှူစုစုပေါင်း ငွေကျပ်သိန်း (၂၆၆၃၆၉၀၀) ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တရားနာပရိတ်သတ်များက ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်