ဘားအံ၊ ဒီဇင်ဘာ ၉
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် ၊ ယနေ့ ကျရောက် သည့် နှစ်(၁၀၀)ပြည့်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် ၊ လူထု အခြေပြုဗဟိုဌာန၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ဦးစီးအရာရှိ ဒေါ်စိုးစိုးအေးက ၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ(၉)ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အမျိုးသား အောင်ပွဲနေ့ နေ့ထူးနေ့မြတ်အကြောင်းကို ပြည်သူများသိရှိစေရန် အသိပညာပေး Talk Show ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး ဘားအံမြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌ ဆရာမ ဒေါ်ဆုလာဘ်နွယ်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ ၊ အမျိုးသားအောင်ပွဲနေ့သတ်မှတ်ရခြင်း၏ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးအနေဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်) မှထုတ်ဝေသော နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဘားအံခရိုင်ရုံးဝန်ထမ်းများက ဈေးများ ၊ လူစည်ကားရာ နေရာများ ၊ ကားဂိတ်များတွင် အခမဲ့လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်