မဟာအောင်မြေမြို့နယ် ဟေမမာလာမြောက်ရပ်ကွက်အတွင်း ပြိုကျပျက်စီးခဲ့သောအိမ် ၉ လုံးနှင်း သေဆုံး ၁ ဦးအား သိန်း ၅၀ ကျပ် ထောက်ပံ့

မဟာအောင်မြေ ဧပြီ ၁၉

မဟာအောင်မြေမြို့နယ် ဟေမမာလာမြောက်ရပ်ကွက်အတွင်း ပြိုကျပျက်စီးခဲ့သော အိမ် ၉ လုံးနှင်း သေဆုံး ၁ ဦးအား ရန်ကုန်တိုင်းဒေသကြီး သက်န်းကျွန်းမြို့နယ် သုဝဏ္ဏဗိုလ်ချုပ်ရွာနေ ဦးကြည်မင်း ဒေါ်နုနုလွင် (အောင်မေတ္တာစာရေးကိရိယာရောင်းဝယ်ရေး၊ ကုမ္ပဏီလီမိတက်) မိသားစုမှ ဟေမမာလာမြောက်ရပ်ကွက်အတွင်းရှိ ပြိုကျပျက်စီး အိမ် ၉ လုံးမှ အိမ်ပိုင်ရှင် ၉ ဦးနှင့် သေဆုံးသူတစ်ဦး စုစုပေါင်း ၁၀ ဦးအား တစ်ဦးလျင် ငွေကျပ် ၅ သိန်း နှုန်းဖြင့် စုစုပေါင်း ငွေ ကျပ် သိန်း ၅၀ အား ကူညီထောက်ပံ့ပေးမှုအား ဟေမမာလာမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်နန္ဒမှ တာဝန်ယူဆောင်ရွက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း