အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၄၆)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၂)သို့ ပို့ဆောင်

ရန်ကုန်          ဒီဇင်ဘာ        ၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၄၆)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှသွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၂) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းတွင် Quarantine Center(၆)ခုအနက် အင်းစိန်(GTI) Quarantine Center(၂)သို့ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ များဖြစ်သော အင်းစိန် မြို့နယ်၊ နံ့သာကုန်းရပ်ကွက်မှ(၁၂)ဦး၊ စော်ဘွားကြီးကုန်းရပ်ကွက်မှ(၈)ဦး၊ ကြို့ကုန်းအရှေ့ ရပ်ကွက်မှ(၇)ဦး၊ အောင်ဆန်းရပ်ကွက်မှ(၅)ဦး၊က အနောက်ရပ်ကွက်မှ(၄)ဦး၊ ရွာမအနောက် ရပ်ကွက်မှ(၄)ဦး၊ ဈေးကုန်းအရှေ့ရပ်ကွက်မှ(၃)ဦး၊ ပိန္နဲကုန်းရပ်ကွက်မှ(၂)ဦးနှင့် ဖော့ကန်ရပ်ကွက် မှ(၁) ဦး စုစုပေါင်း (၄၆)ဦး တို့ကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီ အသင်းခွဲ၊ပရဟိတ အဖွဲ့များနှင့် လူမှုကူညီရေး အသင်းများမှ  တာဝန်ရှိသူများက သက်ဆိုင်ရာ Quarantine Centerသို့ အသီးသီးပို့ဆောင် ပေးခဲ့ ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေး အတွက် မြို့နယ်အတွင်းတွင် ဖျားနာကုဆေးခန်း (၁)ခုနှင့်ကန့်သတ်စောင့်ကြည့်စင်တာ(၆)ခု ဖွင့်လှစ် ထားရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances(၁၃)စီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)