ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဉ္စမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရား အလှူတော်ဓမ္မသဘင်ပွဲ ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၂၀   

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၆)ရက် ဧပြီလ(၁၉)ရက်နေ့ ညပိုင်းတွင် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ပဉ္စမအကြိမ် မြောက်မြန်မာနှစ်သစ်ကူးတရားအလှူတော် တတိယညဓမ္မသဘင်ပွဲ ကျင်းပပြုလုပ်သည်။       

ရှေးဦးစွာ ပဲခူးမြို့၊ သာသနာ့ဇောတိကစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဇနိတ (သာသနာ့ဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ) အရှင်သူမြတ်မှ “အဆုံးသတ် ၃ မျိုး” တရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကိုဟောကြားတော်မူပြီး ဝန်ကြီးချုပ် အမှူးပြုသော တရားနာပရိတ်သတ်များမှ တရားတော်နာယူ၍ ဓမ္မပူဇာအလှူငွေကျပ် သိန်း(၆၂,၂၅,၀၀၀)နှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ကြသည်။    

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာနှစ်သစ်ကူးတရားအလှူတော်ကို ၁၃၈၇ခုနှစ်၊ တန်ခူးလပြည့်ကျော်(၅)ရက်နေ့မှ တန်ခူးလပြည့်ကျော်(၇)ရက်နေ့အထိ၊ ၂၀၂၅ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့မှ ဧပြီလ(၁၉)ရက်နေ့အထိ ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်၌ (၃)ညတိုင်တိုင် ဆင်ယင်ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်