မုံရွာ ဧပြီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဧပြီလ ၂၀ ရက်၊ နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်ကြီးရှိ သာသနိကအဆောက်အဦများ ပြိုကျပျက်စီးနေမှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသက်တပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့များမှပူးပေါင်း၍ ပြန်လည်ရှင်းလင်း ဖယ်ရှားနေမှုများအား သွားရောက်ကြည့်ရှုအားပေးကြသည်။
ယင်းနောက် အဆိုပါစေတီတော်ကြီးရှိ ဂေါပကအဖွဲ့ရုံးခန်းမ၌ စေတီတော်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့်တွေ့ဆုံ၍ စေတီတော်ကြီးရင်ပြင်နှင့်ပတ်ဝန်းကျင်ရှိ သာသနိအဆောက်အဦများ အမြန်ရှင်းလင်းဖယ်ရှားရေးနှင့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖူးမျှော်နိုင်ရေးတို့အတွက် ဆရာတော်ကြီးများ၏ ဩဝါဒခံယူကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးတို့မှ သာသနာရေးဆိုင်ရာ များလျှောက်ထားခဲ့ကြသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် ထူပါရုံရွှေကျောင်းရှိ သာသနိကအဆောက်အဦများ ပြိုကျပျက်စီးနေမှုများအား ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား သွားရောက်ကြည့်ရှု ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် နည်းပညာတက္ကသိုလ်(စစ်ကိုင်း)၊ သမဝါယမနှင့်စီမံ ခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ရောက်ရှိကြရာ ဘွဲ့နှင်းသဘင်ခန်းမများ၊ ကျောင်းဆောင်အဆောက်အဦများ၊ စာသင်ဆောင်များနှင့်ဝန်ထမ်းနေအိမ်များ ပြိုကျပျက်စီးနေမှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသက်တပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား သွားရောက်ကြည့်ရှုအားပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့်တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် အမှတ်(၁)ပညာအထက်တန်းကျောင်းရှိ ၁ ထပ် ကျောင်းဆောင် အဆေက်အဦ ၁၃ လုံး ပြိုကျပျက်စီးမှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသက်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှပူးပေါင်း၍ ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား သွားရောက်ကြည့်ရှုအားပေးကြပြီး ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများအား နှစ်သိမ့်အားပေးစကားများပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ လူနေအိမ်တိုက်တာများ ပြိုကျပျက်စီးခဲ့မှုများအား ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး အဆောက်အဦပိုင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မြို့မဈေးကြီးသို့ရောက်ရှိရာ စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများနှင့် ဈေးကော်မတီဝင်များက ထိခိုက်ပျက်စီးခဲ့သည့် ဈေးကြီးအတွင်းရှိ ဈေးရုံအဆောက်အဦများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးတို့မှ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဈေးကြီးအတွင်းရှိ အန္တရာယ်ရှိသည့်ဈေးရုံ အဆောက်အဦများ အမြန်ရှင်းလင်းဖယ်ရှားရေးနှင့် ဈေးအမြန်ဆုံးဖွင့်လှစ်နှိင်ရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ထိခိုက်ပျက်စီးခဲ့သည့် ဈေးရုံအဆောက်အဦများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)