ကျိုက်မရော ဒီ ဇင်ဘာ ၉
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းခဲ့သော တစ်ထပ်ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃နာရီက ကျိုက်မရောမြို့နယ်၊ ရေပူကော့စပ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း ကျောင်းဆောင်သစ်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က အမှာစကားပြောကြား ပြီးမွန်ပြည်နယ်၊ပြည်နယ်ပညာရေးမှူးဒေါက်တာ ချိုချိုမြတ်အောင်က ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းဆောင်သစ်အလှူရှင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိုယ်စား ဦးထွန်းထွန်းဦးကကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားကာ ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်း များကို ကျိုက်မရော မြို့နယ် ပညာရေးမှူး ဒေါ်စုစု ဌေး ထံလွှဲ ပြောင်း ပေးအပ်ခဲ့ ရာ မြို့နယ်ပညာ ရေးမှူးဒေါ်စုစု ဌေးက အလှူရှင်များကိုယ်စား တာဝန်ရှိသူများထံဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည။ ထို့နောက်ရေပူ ကော့စပ် ကျေးရွာခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးရန်မျိုးအောင်က ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်၊
အဆိုပါ ကျောင်းဆောင်သစ်မှာအလျား ၈၀ ပေ၊ အနံ ၂၇ ပေ၊ အမြင့် ၁၁ ပေ ရှိသည့် တစ်ထပ်တိုက်ကျောင်း အဆောက်အဦဖြစ်ကာ တန်ဖိုးငွေကျပ် (၁၂၇)သိန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ချိုချို( ပြန်/ဆက်)