ကျောက်တန်း ဖေဖော်ဝါရီ ၂၂
ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ မွန်းလွဲ (၁) နာရီက စာရေးဆရာမ ကလျာအိအိလွင် ရေးသားသည့် “ကလေးငယ် များနှင့် နည်းပညာရိုက်ခတ်မှု” စာအုပ်အား စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေဝင်းက စာဖတ်ဝိုင်း ပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အီလက်ထရောနစ် စာကြည့်တိုက်ကော်မတီ အတွင်းရေးမှူး ဦးအောင်ကိုဝင်းက ဦးဆောင်ဆွေးနွေးပြီး မြို့မ အ.လ.က ကျောင်းမှ ဆရာမဒေါ်ခင်တင်သိန်းက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအားချိန်တွင် စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုကြရန်နှင့် ယခုလို စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ပေးခြင်းသည် အလေ့အကျင့်ကောင်း ဖြစ်ပါကြောင်း ပြေကြားခဲ့သည်။
ထို့နောက်တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများမှ သိရှိလိုသည် များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
"မြို့နယ်တိုင်းမှာရှိတဲ့ ကျွန်မတို့ ပြန်/ဆက်ဦးစီးဌာနတွေအနေဖြင့် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်ဆိုတဲ့ ရည်မှန်းချက်တွေနဲ့အညီ လစဉ်ပုံမှန် စာဖတ်ဝိုင်းဆွေးနွေးပွဲတွေနဲ့ ပြည်သူ့စကားဝိုင်းတွေကိုလည်း အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိပါတယ်၊ အဲဒီလို ဆွေးနွေးပွဲတွေမှာလည်း မည်သူမဆို လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်" ဟု ကျောက်တန်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေဝင်းက ပြောကြားခဲ့သည်။
ခင်ဆွေဝင်း(ကျောက်တန်း)