မြဝတီ ဒီဇင်ဘာ ၉
ကရင်ပြည်နယ်၊မြဝတီမြို့တွင် အမှတ်(၄) ရပ်ကွက် မေတ္တာ(၃)လမ်းရှိ ဦးကြည်လွင်၏ အုတ်ခံ၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး(၂) ထပ်နေအိမ်တစ်လုံး မီးအားမြှင့်စက် အပူလွန်ကဲပြီး ဒီဇင်ဘာ ၇ ရက်နေ့ ည ၁၀ နာရီအချိန်က ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သောအိမ်ထောင်စုအား ထောက်ပံ့ငွေများနှင့် ပစ္စည်းများကို ယနေ့ မွန်းလွှဲပိုင်းအချိန်က သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ထောက်ပံ့ပေးရာတွင် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်အောင်၊ မြဝတီမြို့နယ်ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံ၊ ဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးဦးကျော်သူထိုက်၊ မြဝတီမြို့နယ်ကြက်ခြေနီတပ်ဖွဲ့များနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့မှ မီးလောင် မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု ဝင်မီးဘေးသင့်ပြည်သူ (၃) ဦးအား အိမ်ဆောက်ပစ္စည်း ထောက်ပံ့ တန်ဖိုးငွေ ကျပ် ၂၀၀၀၀၀၊ ဆန်ရိက္ခာ (၇) ရက်စာအတွက်ထောက်ပံ့ငွေကျပ် ၆၃၀၀၊ မီးလောင်မှုကြောင့်ဒဏ်ရာ ရရှိခဲ့သူ (၂) ဦးအတွက် ထောက်ပံ့ ငွေကျပ် ၁၀၀၀၀၀ စုစုပေါင်းထောက်ပံ့ငွေကျပ် ၃၀၆၃၀၀ ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်