သံတောင်ကြီးမြို့နယ် ရွှေညောင်ပင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကော်မတီများ နှင့် တွေ့ဆုံဆွေးနွေး

သံတောင်ကြီး      ဒီဇင်ဘာ    ၉

ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၁၄-၂၀၁၅  ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ရွှေညောင်ပင် ကျေးရွာ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေတွင် အသင်းသား(၁၀၉)ဦးအား ကျပ်သိန်း (၄၀၀)ထုတ် ချေးပေးခဲ့ရာ ၂၀၂၀ပြည့်နှစ် ၊ ဒီဇင်ဘာလအတွင်း ချေးငွေများ ပြန်လည် ပေးဆပ်ရမည်ဖြစ်သည့်အတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်အေးသန္တာမြင့် နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျေးရွာမြစိမ်းရောင်စီမံကိန်းကော်မတီများ ၊ အသင်းသူအသင်းသားများနှင့်တွေ့ဆုံပြီး စီမံကိန်းရန်ပုံငွေ အတိုးများမှဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများ ၊ စီမံ ကိန်း နှင့် ပတ်သည့်အကြောင်းအရာများအား ဆွေးနွေးပြီး ၊ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ထုတ်ချေး ရာတွင် ဒီဇင်ဘာလအတွင်း ပြန်လည်ပေးဆပ်နိုင်ရန်အတွက် တွေ့ဆုံ‌ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)