ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ဆောင်ရွက်

ဒဂုံမြောက် ဒီဇင်ဘာ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် အိမ်ပြင်ထွက်သူတိုင်း   ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်‌စေရန်ရည်ရွယ်၍ Mask Campaign ကို ယနေ့ နံနက် ၈ နာရီက (၂၈) ရပ်ကွက်နှင့် (၂၉) ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 အဆိုပါ Mask Campaign ဆောင်ရွက်ရာသို့ မြို့နယ်  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာ ရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့မှ   ပါးစပ်နှာခေါင်းစည်း (mask) များအား လမ်းသွားလမ်းလာများ၊ ရပ်ကွက်အတွင်းရှိနေအိမ်များ၊ ဈေးများတွင် လိုက်လံဝေငှခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အနေဖြင့် မြို့နယ်အတွင်းနေထိုင်သောပြည်သူများ ကိုဗစ်-၁၉ရောဂါမှ ကာကွယ်နိုင်ရန် Mask Campaign များ၊ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး စစ်ဆေးအရေးယူမှုများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)